Windows XP ကို ပိုမြန်စေမယ့်နည်းလမ်းများ Prefetcher ကို Tweak လုပ်ခြင်းWindows XP တွင် Prefetcher ဟုခေါ်သောကြိုတင် စုဆောင်းသည့် စနစ်ပါရှိပါသည်။ ထို Prefetcher သည် မကြာခဏအသုံးပြုသော Application များဖွင့်ရာတွင် လိုအပ်သော Files များကို ကြိုတင်စုဆောင်းထားသောကြောင့် နောင်တစ်ဖန် ထိုApplication များကို ဖွင့်ရာတွင် နှောင့်နှေး ကြန့်ကြာခြင်းမရှိတော့ပေ။Prefecher ၏ Value ကို ဤကဲ့သို့ပြောင်းလဲနိုင်သည်။ Registry Editor ကိုဖွင့်ပါ။HKEY_LOCAL_MACHINE\SYSTEM\ControlSet001\Control\SessionManager\Memory Management\PrefetchParametersသို့သွားပါ။EnablePrefetcher Value ကို ပြောင်းပါ။
1 သည် Application Files များကို Prefetch လုပ်ခိုင်းခြင်းဖြစ်သည်။ 2 ဟုရိုက်ထည့်ပါက Boot Files များကို Prefetch လုပ်ပေးလိမ့်မည်။ 3 ဆိုပါက မိမိအသုံးပြုသော Files များကို တတ်နိုင်သလောက် Prefetch လုပ်ပေးပါ လိမ့်မည်။
နောက်တစ်နည်းကတော့ Run မှာ Prefetch ကို ရိုက်လိုက်ပါ။ ပြီးရန်ထွက်လာမည့် File တွေ ကို Shift Delete လုပ်ပေးပါ။ ဤနည်းဖြင့် သင့်ကွန်ပျူတာအား ပိုမို မြန်ဆန်လာပါမည်။ |