Never can I forget the time spent together with you
The more educated people there are in the country, the more quickly it will develop
 
YTU Student Life Poem
  1. YTU Student Life
  2. လရိပ်
  3. နောက်နေတာပါ
  4. ချစ်သူရဲ့အနား
  5. တိတ်တခိုးချစ်သူ
  6. ငြိတွယ်မိုး
  7. ကဗျာတစ်ပုဒ်
  8. ကဗျာဆရာ၏ သီအိုရီ အပိုင်းအစများ


အမှတ်ရရင်ကျေနပ်တယ်

ဘယ်ကမ္ဘာ
ဘယ်လောက်ပင်ခြားပါစေ ...
မင်းရင်ထဲမှာလေ ....
ငါ့ကို
တစ်စက္ကန့်ရဲ့

ဆယ်ပုံတစ်ပုံသာရှိနေမယ်ဆိုရင်
ငါကျေနပ်တယ် ....သူငယ်ချင်း...........။

Download

Download Keyboard Installer

Download AlphaZawgyi Unicode

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

Technology

GTalks Password Chang

Type to Gtalk Myanmar

Google Talk Multiple & GTalks Myanmar Type

Technology Part-I

Technology Part-II

Tutorials

HTML

PHP

Website တွေဘယ်လိုပိတ်တာလဲ (Proxy)
Sunday, October 21, 2007
Website တွေဘယ်လိုပိတ်တာလဲ ?
STOP! ဆိုတဲ့စာသားအနီရောင်ကြီးကိုမြင်တိုင်း ခင်ဗျားတို့ရော၊ ကျွန်တော်ရော စိတ်ညစ်သွားကြမှာပါ။ ကျွန်တော်တို့တိုင်းပြည်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ်သုံးလို့မရတာ အားလုံးအသိပဲ မဟုတ်လား။ ဘန်းထားတဲ့ Site တွေကို တော်တော်များများ ကျော်တတ်ခွတတ်ကြပါတယ်။ ဟုတ်တယ်မဟုတ်လား။ အဲ..အဲဒီ ကျော်တဲ့Site တွေကိုပါ ထပ်ဘန်းတော့ ဘယ်လိုလုပ်မလဲ.ဟရို့။ပထမဆုံး နောက်ခံသီအိုရီလေးအရင်ရှင်းပြပါရစေ။ အခု ခင်ဗျားတို့သိတဲ့ MPT တို့ ၊ BaganNet(အခု MTP) တွေကို ISP လို့ခေါ်ပါတယ်။ အဲဒီ ISP တွေမှာ Server ကွန်ပျူတာ နှစ်မျိုးထား ရှိပါတယ်။ DNS Server နဲ့ Proxy Server ပါ။ DNS ကတော့ ဒီ ကျော်တာခွတာနဲ့ မဆိုင်လို့ မပြောတော့ပါဘူး။ အဓိကက Proxy Server ပါ။ Proxy ကို ဘာသာပြန်ရင် ကိုယ်စားလှယ်လို့ ခေါ်နိုင်ပါတယ်။ ဒါဖြင့် ဘာကိုယ်စားလှယ်လဲ။ ဟုတ်ကဲ့..Website ကိုယ်စားလှယ်ပါ။ ဥပမာ ကျွန်တော်တို့က www.microsoft.com ကို ၀င်ကြည့်တယ်ဆိုပါတော့။ အဲဒီ Microsoft ဆိုဒ်ကြီးကို သိမ်ထားတဲ့ကွန်ပျူတာ တနည်းအားဖြင့် Microsoft Web Server က သူ့ဆိုဒ်ကြီးကို ကျွန်တော်တို့ဆီလှမ်းပို့ပေးလိုက်မယ်။ စဉ်းစားကြည့်ဗျာ Microsoft နဲ့ ကျွန်တော်တို့ကအဝေးကြီး။ အရမ်းကြာမှ ပေါ့မဟုတ် ဘူးလား။ အဲဒီလိုမကြာအောင် ဒီMPT မှာရှိတဲ့ Proxy Server က Microsoft website ကိုကြိုပြီး ယူထားတယ်။ ကျွန်တော်တို့က Microsoft Website လိပ်စာရိုက်လိုက်တာနဲ့ အရင်လို Microsoft Web Server ကနေ လှမ်းမယူတော့ပဲ အဲဒီ Proxy Server က သူ့ထဲမှာရှိတဲ့ Microsoft Website ကို ကျွန်တော်တို့ဆီပို့ ပေးလိုက်တယ်။ ပိုမြန်သွားတာပေါ့မဟုတ်ဘူးလား။Website ပိတ်တယ်ဆိုတာ ဒီနေရာမှာလာပါပြီ။ ဒီ Proxy Server ဆီ request လုပ်တဲ့ address တွေထဲမှာ သူတို့ပိတ်တဲ့ Site ရဲ့ address လေးပါလာပြီဆိုရင် Proxy server က ထုတ်မပေးတော့ဘူး။ ကဲ..အဲဒီတော့ ကျွန်တော်တို့က ကြည့်မရတော့ဘူးပေါ့။ဒါဖြင့် ဘယ်လိုကျော် မှာလဲ။ လွယ်လွယ်လေးပါ။ MPT က Proxy Server ကိုမသုံးဘူးပေါ့။ နိုင်ငံခြားက Proxy Server ကိုလှမ်းသုံး မှာပေါ့။ဘယ်လိုသုံးရတာလဲဆိုတော့ နှစ်နည်းရှိပါတယ်။ တစ်ခုက CGI Proxy သုံးတာ၊ နောက်တစ်ခုက Proxy Switch Program တွေသုံးပြီး ကျော်တာပါ။ လွယ်တာက CGI Proxy ကလွယ်တာပါ။ CGI Proxy Website ကိုဖွင့်၊ ကိုယ်ကျော်ချင်တဲ့ Site ရဲ့လိပ်စာရိုက်ထည့်လိုက်ရုံပဲ။Google ထဲမှာ CGI Proxy လို့ရိုက်ထည့်လိုက်ရင် CGI Proxy Site တွေအများကြီးထွက်လာမှာပါ။
PhProxy
Firefox အတွက် proxy add on လေးတစ်ခုဖြစ်ပါတယ်။ ပိတ်ထားတဲ့ Site တွေကို ကျော်ဖို့သုံးနိုင်ပါတယ်။ ကျော်တာ မြန်တယ်ဗျာ။ ဒီကနေ download လုပ်နိုင်ပါတယ်။Install လုပ်နည်းdownload ပြီးရင် အဲဒီဖိုင်လေးပေါ်မှာ Right Click နှိပ် Open With ကိုရွေး၊ Select a Program From a list ကိုရွေး၊ OK နှိပ်ပါ။ ပြီးရင် Firefox ကိုရွေး၊ OK နှိပ်ပါ။ တကယ်လို့များ list ထဲမှာ firefox မပါဘူးဆိုရင် Browse ကိုနှိပ်၊ C:\Program Files\Mozilla Firefox\firefox.exe ကိုရွေးပြီး OK နှိပ်၊ OK ထပ်နှိပ်ပါ။ Firefox ပွင့်လာပြီး Install လုပ်မှာလား မေးတဲ့အခါကျရင် Install Now ကိုနှိပ်ပါ။ ပြီးရင် Firefox ကို restart လုပ်ပါ။အဲဒီအခါမှာ firefox screen ရဲ့ ညာဘက်အောက်မှာ အပြာရောင် P ပုံလေးပေါ်လာပါလိမ့်မယ်။ ပိတ်ထားတဲ့ site တစ်ခုခုကို သွားလိုက်ပါ။ Access Denied ပေါ်လာလိမ့်မယ်။ အဲဒီအခါကျရင် အဲဒီ အပြာရောင် P လေးကိုသာ နှိပ်ပြီး ခဏစောင့်လိုက်ပါ။ ပိတ်ထားတဲ့ site ပွင့်လာပါလိမ့်မယ်။
POSTED BY Creator Myanmar @ 1:47 PM  
0 Comments:
Post a Comment
<< Home
 
About Me
Name: Creator Myanmar
Home: Yangon, Myanmar, Myanmar (Burma)
About Me: ကွန်ပျူတာအား ၂၀၀၀ ခုနှစ်မှစတင် လေ့လာခဲ့သည်။ ယခုထိ လေ့လာနေ ဆဲဖြစ်ပါသည်။ E-mail:admin@myanmarcollection.co.cc

See my complete profile

မြန်မာစံတော်ချိန်

Previous Post
Archives
Popular Links
Powered by

BLOGGER

 

 

KOHTUN DREAM .co.cc©2007
၂၀၀၅မှ စ၍လာရောက်လည်ပတ်သူများ counter