အလုပ်မှာ အဆင့်သင့်ဖြစ်စေချင်သူများ ကျွန်တော်က CHRD ကဖွင့်တဲ့ ကျောင်းသားတစ်ဦးပါ။ ၂၀၀၀ နှစ်ကတည်းက ရန်ကုန်တက္ကသိုယ်မှာ ဖွင့်လှစ်ခဲ့ တဲ့ Physics ဌာနက ဖွင့်လှစ်ခဲ့သော ICT Dip ကို ရန်ကုန်တက္ကသိုယ်မှာ ၂၀၀၃ ခုနှစ် အစမှာ အောင်မြင်ခဲ့ ပါတယ်။ ကျွန်တော်တို့ တက်ရောက်ခဲ့တဲ့ Dipဟာ အချိန်အားဖြင့် အရမ်းကြာမြင့်ခဲ့ပါတယ်။ ထိုမှတဆင့် ရန်ကုန် တက္ကသိုလ်မှာ ဖွင့်လှစ်သော B.Sc (Engg:) IT ကို ဒုတိယနှစ်အထိတက်ရောက်ခဲ့ပါတယ်။ တတိယနှစ်အစမှ နိုင်ငံရေးခေါင်းဆောင်များအရွှေ့အပြောင်းကြောင့် ကျွန်တော်တို့ ကျောင်းသား/သူများကို ဒဂုံက္ကသိုယ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျောင်းပြောင်းရွှေ့ချင်းမှာပဲ ကျွန်တော်တော့ တတိယနှစ်နှင့် တကွကျောင်းသား အများအပြား စားမေးပွဲမှာကျရှုံးခဲ့ပါတယ်(၂၀၀၅)။ ကျွန်တော်ဟာ အပတ်စဉ် (၃) က ကျောင်းသားတစ် ရောက် ဖြစ်ပါတယ်။ ယခုနောက်ဆုံးနှစ် ဒုတိနှစ်ဝက်သို့ရောက်ရှိနေပါပြီ။ နောက်ဆုံးနှစ်အတွက် ကျောင်း Project များ ပြုလုပ်နေ ရပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့ နည်းပညာများနဲ့ ပြုလုပ်ပြီး တင်ပြရတာဖြစ်ပါတယ်။ ထိုကြောင့် ကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်လာရင် ကျောင်းကြီးကို ပဲ အားကိုးလို့မရပါဘူး..အခြားသင်ဝါသနာ ပါရာနည်းပညာရပ်များကို အချိန်ရှိတုန်း သင်ယူနေရပါမယ်။ ကျောင်းဆင်းတာနဲ့ တခါတည်း အလုပ်ခွင်ကိုဝင် ရောက်တဲ့အခါ အဆင်သင့် ဖြစ်နေမှာပါ။ မိမိတိုင်းပြည်မှာပဲ အလုပ်ခွင်အတွေ့အကြုံများယူပြီးမှ သာတဆင့် ကူးတာ ဟာ သင့်အတွက်ရော် အနာဂတ်အတွက်ပါကောင်းပါတယ်။ တကယ်တော့ မိမိတိုင်းပြည်မှာပဲ အသက်မွေးဝမ်းကျောင်းဟာ သင်အတွက် ပိုကောင်းမယ်ထင်ပါတယ်။ ပိုက်ဆံ တစ်ခုထဲမကြည့်ပဲနဲ့။ |