မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှ အိုင်တီပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ Seminar Calendar ကြေညာ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း(MCPA) မှသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် IT ပညာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ (Seminar calendar) ကို ကြေညာထားကြောင်းသိရှိရသည်။
Seminar calendar အရအိုင်တီပညာရပ်ဆိုင်ရာ ဟောပြောပွဲအဖြစ် သြဂုတ်လ ၂ရက်နေ့တွင် “ITPEC” ခေါင်းစဉ်ဖြင့် ITPEC Exam အကြောင်းကို ဦးရဲရင့်ဝင်း (Bizsoft) မှလည်းကောင်း၊ နည်းပညာဆိုင်ရာဟောပြောပွဲများ အဖြစ်သြဂုတ်လ ၉ရက်နေ့တွင် “Cyber Threats” ခေါင်းစဉ်ဖြင့် Networking အကြောင်းကို ဦးအောင်ဇော်မြင့်(MSC) မှလည်းကောင်း ၊ သြဂုတ်လ ၂၃ ရက်နေ့တွင် “Database” ခေါင်းစဉ်ဖြင့် Database အကြောင်းကို ဦးထွန်းခိုင် (Integra) နှင့် ဦးနေလင်းသန်း (MIT) တို့မှလည်းကောင်း ၊ စက်တင်ဘာ ၆ရက်နေ့တွင် “PC base Control System” ခေါင်စဉ်ဖြင့် Hardware Interfacing အကြောင်းကို ဦးအောင်စိုးမိုး (Assembler) မှလည်းကောင်း ၊ စက်တင်ဘာ ၂၀ရက်နေ့တွင် “IP Security” ခေါင်းစဉ်ဖြင့် Networking အကြောင်းကို ဦးအောင်ဇော်မြင့် (MSC) မှလည်းကောင်း၊ အောက်တိုဘာ ၄ရက်နေ့တွင် “Career Opportunities for Java, J2EE” ခေါင်းစဉ်ဖြင့် Software Development အကြောင်းကို ဦးဝင်းထိန်ဝင်း (Gusto) မှလည်းကောင်း အသီးသီးဆွေးနွေး ဟောပြောသွားမည် ဖြစ်ကြောင်း သိရှိရသည်။
Source: Internet Journal
|