Why do you blog? ဆိုသည့် မေးခွန်းကို ပွဲစီစဉ်သူများကို မေးမြန်းသည့်အခါ ဘလော့ဂ်များ၏ မြန်ဆန်မှုနှင့် သုံးရလွယ်ကူမှုကြောင့် မိမိရေးသားထားသည့် စာပေများကို အလျင်အမြန် ဖတ်ရှုတင်ပြခွင့်ရခြင်း၊ မိမိ၏ အယူအဆ အတွေးအခေါ်နှင့် တတ်သိသမျှကို အများနှင့် share လုပ်နိုင်ခြင်း၊ မိမိ၏ ဘလော့ဂ်အတွက် အကြောင်းအရာသစ်များကို အစဉ်တစိုက် ရေးသားတင်ဆက်နေခြင်းကြောင်း မိမိ၏ ကိုယ်ရည်ကိုယ်သွေးကို ထက်မြက်လာစေသည်ဟု ခံယူမိခြင်း အစရှိသည့်အကြောင်းအမျိုးမျိုးဖြင့် ဘလော့ဂ်ကို ရေးနေကြခြင်းဖြစ်ကြောင်း မြန်မာဘလော့ဂ်ဂါများက ရှင်းပြခဲ့ကြပါသည်။ |