HIV ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မည့်ဂျယ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ အူတားတက္ကသိုလ်မှ သိပ္ပံပညာရှင်များက တီထွင်လိုက်ခဲ့သည်ဟု သိရသည်။ ၎င်းဂျယ်ကို အမျိုးသမီးကိုယ်အတွင်း သုတ်လိမ်းရပြီး ဗိုင်းရပ်စ်များ အတွင်းသို့ဝင်လာခြင်းမှ ပိတ်ဆို့ရန် မော်လီကျူးကွန်ဒုံးကဲ့သို့ လုပ်ဆောင်သည်ဟုဆိုသည်။ အူတားတက္ကသိုလ်မှ ဇီဝအင်ဂျင်နီယာလက်ထောက် ပါမောက္ခပက်ထရစ်ကိုင်ဇာနှင့် သိပ္ပံပညာရှင်တစ်စုက အဆိုပါဂျယ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး လေ့လာတွေ့ရှိချက်များကို (HAdvanced Functional Materials) ဂျာနယ်၏ ၀က်ဘ်ဆိုက်တွင် သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြခဲ့သည်။ ဂျယ်သည် ပီအိတ်ခ်ျအဆင့်တွင် အက်ဆစ်ဘက်သို့ အနည်းငယ်ကဲပြီး မိန်းမကိုယ်တွင်ရှိနေသည့် ပီအိတ်ခ်ျအဆင့်နှင့် တူညီသည်။ ၎င်းဂျယ်သည် သုက်ပိုးနှင့်ထိတွေ့သည့်အခါ ပီအိတ်ခ်ျအဆင့်မှာ ကြားအဆင့်အခြေအနေသို့ ရောက်ရှိ သွားပြီး တည်ဆောက်ပုံပြောင်းလဲသွားကာ ဗိုင်းရပ်စ်များ၏လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ထုတ်လုပ် ဖြန့်ချီ နိုင်ရေးအတွက် စမ်းသပ်မှုများ အပြီးသတ်နိုင်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်မည်ဖြစ်သည်။ |
This comment has been removed by a blog administrator.