Never can I forget the time spent together with you
The more educated people there are in the country, the more quickly it will develop
 
YTU Student Life Poem
  1. YTU Student Life
  2. လရိပ်
  3. နောက်နေတာပါ
  4. ချစ်သူရဲ့အနား
  5. တိတ်တခိုးချစ်သူ
  6. ငြိတွယ်မိုး
  7. ကဗျာတစ်ပုဒ်
  8. ကဗျာဆရာ၏ သီအိုရီ အပိုင်းအစများ


အမှတ်ရရင်ကျေနပ်တယ်

ဘယ်ကမ္ဘာ
ဘယ်လောက်ပင်ခြားပါစေ ...
မင်းရင်ထဲမှာလေ ....
ငါ့ကို
တစ်စက္ကန့်ရဲ့

ဆယ်ပုံတစ်ပုံသာရှိနေမယ်ဆိုရင်
ငါကျေနပ်တယ် ....သူငယ်ချင်း...........။

Download

Download Keyboard Installer

Download AlphaZawgyi Unicode

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

Technology

GTalks Password Chang

Type to Gtalk Myanmar

Google Talk Multiple & GTalks Myanmar Type

Technology Part-I

Technology Part-II

Tutorials

HTML

PHP

အ၀တ်အစားနှင့် ဖက်ရှင်
Tuesday, December 18, 2007
သမိုင်းတွင်စတင် မော်ကွန်းတင်သော ပျူခေတ်မှစပြီး ကုန်းဘောင်ခေတ်တိုင်အောင် ရှေးမြန်မာအမျိုးသား အမျိုးသမီးများသည် ပြည်ပနှင့်ကုန်သွယ်မှုရှိသောကြောင့် တိုင်းတပါး သားများနှင့် ဆက်ဆံခဲ့ကြရ သော်လည်း၊ တိုင်းတပါးတွင်ထုတ်လုပ်သော ထုတ်ကုန်များ ကိုရရှိခဲ့ကြသော်လည်း ထိုတိုင်းတပါးသားများဧ။် ယဉ်ကျေးမှုများ၊ ၀တ်စားဆင်ယင်မှုများ ကိုအတုမခိုးဘဲ ကိုယ်ပိုင်ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှု ကိုသာမြတ်နိုး တန်ဖိုးထားခဲ့ သော ကြောင့် မြန်မာ့ယဉ်ကျေးမှုကို တိုင်းတပါးသားများကပင် လေးစားတန်ဖိုး ထားခဲ့ကြရသည်။ မိမိ ကိုယ်မိမိ တန်ဖိုးထားမှသာ သူတပါးကလည်း မိမိကိုတန်ဖိုးထားမည်မှာအမှန်။ နိုင်ငံခြား တိုင်းပြည်မှ ထွက်ကုန်များဖြစ်သော အထည်အလိပ်များကို တင်သွင်းဝယ်ယူ သုံးစွဲသော်လည်း မိမိတို့ကိုယ်ပိုင်ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုပုံစံကိုသာ ချုပ်လုပ်ဝတ်ဆင်ကြပါသည်။ နိုင်ငံခြားသားများဝတ်ဆင်သလို လိုက်လံတုပ ၀တ်ဆင်ခြင်း မပြုကြပါချေ။ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုပုံစံပြောင်းလဲလာ သော်လည်း သူတပါးကိုအတု မခိုး၊ သူတပါး ယဉ်ကျေးမှု နှင့် မိမိတို့ယဉ်ကျေးမှုကို ရောမမွှေ၊ ကိုယ့်ရိုးရာ ယဉ်ကျေးမှု ၀တ်စားဆင်ယင်ပုံကိုသာ ရိုးရာ မပျက်၊ အမြင်မရိုင်းအောင် ဆန်းသစ်တီထွင်မှုသာပြုခဲ့ကြ ပါသည်။ သို့သော် ကိုလိုနီ ခေတ်မှစပြီး ကျွန်ဘ၀တွင်ကျွန် စိတ်ပေါက်သလောမပြောတတ်၊ မြန်မာ့ အမျိုးသားဝတ်စုံသည် တရုတ်တိုက်ပုံနှင့် ကုလား ပုဆိုးကိုတွဲဝတ်သည့် ၀တ်စုံဖြစ်ခဲ့ရသည်။ မြန်မာ့အမျိုးသား ၀တ်စုံ ဖြစ်သော မြန်မာ့ရိုးရာ တောင်ရှည်ပုဆိုးနှင့် သိုရင်းအင်္ကျီသည် ပွဲတက်ဝတ်စုံ အဖြစ်သာ ရှားရှားပါးပါး ကျန်ရစ်တော့သည်။ မြန်မာအမျိုးသမီးများဧ။် ၀တ်စုံသည်ကား အသွင် မပြောင်းသော်လည်း ပါးလာသော ကြောင့် လွန်စွာအပြောအဆိုခံရသောကြောင့် ပြန်လည်ထူ လာခဲ့သည်။ သို့သော်အရှက်လုံအောင်တော့ ရိုးရာမပျက်သော အဆင်ဒီဇိုင်းဖြင့်တော့ ၀တ်စားဆင်ယင်ကြ ပါသေးသည်။ အင်္ကျီလက်ကတော့ တဖြည်းဖြည်းတိုလာသည်။ ပြတ်လာ သည်။ ယနေ့ခေတ်တွင်တော့ နိုင်ငံခြားဖြစ်များ၊ နိုင်ငံခြားဝတ်စားဆင်ယင်မှုများကို အတုခိုး သင့်မခိုးသင့် မစဉ်းစားနိုင်ကြတော့ပဲ ရမ်းသမ်းအတုခိုးနေကြ တော့ ရာ မြင်ရသူများအဖို့ အတောင်ဖြန့်ကနေသော ကြောင့် မတော်ရာပေါ်နေသောဒေါင်းနှင့် တူနေပါတော့သည်။ ကောင်းဘွိုင်ဆိုသည့်နွားကျောင်းသားဧ။် ၀တ်ပုံစားပုံကို အတုခိုးကာ မင်္ဂလာဆောင် ကဲ့သို့ သော ပွဲလမ်းသဘင် ကို တက်ပါသည်။ သူတို့အနောက် နိုင်ငံတွင်ပင် သည်လို နေရာတိုင်းကို သည်အ၀တ်အစားနှင့် တက်သည်မဟုတ်ပါချေ။ မိမိဧ။်နိုင်ငံခြားကို မျက်ကန်းအထင်ကြီးမှု ကြောင့် သူ့နေရာနှင့်ဝတ်တတ်စားတတ်သူ လူရာဝင်သောသူမဟုတ်ဟု တိုင်းတပါးသားက မိမိကိုထင်မြင်ကာ အထင်သေးစေပါသည်။ အနောက်နိုင်ငံ များ၊ အထူးသဖြင့် အင်္ဂလန် နိုင်ငံတွင် ၀တ်စားဆင်ယင်ပြောဆိုမှုကို လိုက်ပြီး အမျိုးသမီးများကို လေဒီနှင့် ကော့ကနီ ဟုနှစ်မျိုးခွဲထား လေသည်။ ဂုဏ်သရေရှိအမျိုးသမီး နှင့် အောက်တန်းစားအမျိုးသမီးဟု အဓိပ္ပာယ် ရလေသည်။ နိုင်ငံခြား ကိုမှအထင်ကြီးသောကြောင့် နိုင်ငံခြားမှဝတ်ပုံ စားပုံကို အတုခိုးလိုသော ထိုထိုသော အမျိုးသမီးများသည် လေဒီခေါ် ဂုဏ်သရေရှိအမျိုးသမီးဧ။် ၀တ်စားဆင် ယင်ပုံကဲ့သို့ အရှက်လုံသော၊ ဣနြေ္မ္ဒ သိက္မ္ခာရှိသော၊ မြင်တွေ့ရသူတို့က မိမိကို အ၀တ်ကြောင့် မလေးမစားပြောဆို ပြုမူခြင်းမပြုရဲကြသော ၀တ်စား ဆင်ယင် နေထိုင်ပုံ ကိုကားအတုမခိုး၊ ကော့ကနီခေါ် အောက်တန်းစားအမျိုးသမီးများဧ။် ၀တ်စား ဆင်ယင် နေထိုင်ပုံ ကို အတုခိုးနေချေရာ မိမိတို့ဘ၀ ဘယ်အ၀တ်အစား ကြောင့်ဘာဖြစ် သွားသည်ကို သတိမူမိစေချင်ပါ သည်။ ပိုမိုဆိုးရွားလွန်းသည်မှာ နိုင်ငံခြားမဂ္မ္ဂဇင်းထဲတွင် တွေ့ရာအ၀တ်ပုံစံ ကို ပုံတူကူးယူချုပ်လုပ်ဝတ်ဆင် ရာတွင် ထိုအ၀တ်သည် မည်သည့်အချိန်တွင် မည်သည့် အတွက်ကြောင့်ဝတ်သည်ကိုမသိဘဲ ရမ်းသမ်းဝတ် ဆင်ရာ မိကောင်းဖခင်သားသမီးမှန်လျက် တိုင်းတပါးသားက မိမိကို လမ်းဘေးကြေးစားဟု အထင်ခံရသည့် ဘ၀ရောက်ရတော့သည်။ တခါမက လေဆိပ်တွင် ဧည့်သည် ကြိုရင်း နိုင်ငံခြားကို လာမှာမို့ နိုင်ငံခြားပုံစံဝတ် လာသည် ဆိုသော မြန်မာမိန်းကလေးများကို မကြာခဏတွေ့ရ လေရာ နယ်စပ်များမှတဆင့် မြန်မာ ပြည်ကို ရောက်ဟန်ရှိသော ပြည့်တန်ဆာဆွယ်သော ကုမ္ပဏီများက ထုတ်ဝေသော မဂ္ဂဇင်း ထဲတွင်ပါသည့် အ၀တ် ပုံစံကို ပုံတူကူးယူချုပ်လုပ်ဝတ်ဆင်လာသည်ကို တွေ့ရလေရာ လွန်စွာ စိတ်ပျက်ရင်းဒေါမနဿဖြစ်ရပါသည်။ ထိုဝတ်စုံများသည် ဇိမ်ခန်းများတွင် ဧည့်ခေါ်ချိန်သာ ၀တ်သော အ၀တ်အစားများဖြစ်ကြပြီး ဇိမ်မယ်များပင်လျှင် လုပ်ငန်းခွင်ပြင်ပတွင် ၀တ်ကြ သည်မဟုတ်ပါ ချေတည်း။ သာမန်အရပ်သူနှင့် အနုပညာနယ်ပယ်မှ သူများ ကတော့ ၀တ်ဖို့ရာဝေးပါသေးသည်။ သည်လို အ၀တ်ကြောင့် လူကြည့်ခံရသည်ကို အဖြစ်မှန်ကို မသိသော သူမတို့ကတော့ သူမတို့ကိုယ်သူမတို့ သိပ်ခေတ်မီလှပြီဟု ထင်မှတ်ရင်း ခေါင်းမော့ရင်ကော့ နေကြသော်လည်း ကျွန်တော့မှာ နိုင်ငံခြားသားလူအများရှေ့တွင် သူမတို့ကိုကြိုရမည့်အစား ရှက်လွန်း အားကြီး သောကြောင့် အရှင်လတ်လတ် အငွေ့ပျံကာ သူမတို့ရှေ့က ပျောက်ကွယ်သွားချင် ပါတော့သည်။ ယောက်ျား လေးများအတွက်လည်း သတိထားစရာများစွာရှိပါသေးသည်။ နိုင်ငံခြားသားများတွင်လည်း ယောက်ျားပီသ အဆင့် အတန်းရှိသော ဂုဏ်သရေရှိ ယောက်ျားများနှင့် အလွန်အဆင့်နိမ့်သော ၂ဖက်ချွန် ယောက်ျား များဟူပြီး ၂မျိုးရှိလေရာ တော်တော်သတိထားနိုင်မှ နေသားကျပေမည်။ မြန်မာနိုင်ငံတွင် ယောက်ျားလေးသူငယ်ချင်းချင်း ပုခုံးဖက်ပေါင်းလျှင် ညီရင်းအကိုလိုချစ်ခင်သော သူငယ်ချင်း ဟု သတ်မှတ်ကြသော်လည်း နိုင်ငံခြားတွင် သည်လိုနေလျှင်ကား ယောက်ျားချင်း ချစ်ကြိုက် လက်ထပ် ထားသောအတွဲဟု သတ်မှတ်ကာ အပေါင်းအသင်း မလုပ်ဘဲ ခပ်ရှောင်ရှောင် ဆက်ဆံ ခံရတတ်လေသည်။ ထိုသူတို့ဧ။် ၀တ်ပုံစားပုံများလည်း သီးသန့်ရှိ သေး လေရာ အရောင်နုနုရှပ်အင်္ကျီများနှင့် ပုံစံဆန်းဆန်းထွင် ချုပ်ထားသော၊ ကိုယ်ထည်ကျပ်ကျပ် အင်္ကျီများကို နိုင်ငံခြားဖြစ်ဟုအထင်ကြီးပြီး ၀တ်မိပါလျှင် ညနေချိန်တွေ့မိပါက လိုက်မလားဟု အမေးခံရမည်မှာ သေချာ သလောက်ရှိလေသည်။ လက်တွင်းတွင်ယောင်လို့များ ရည်းစား အတွက် ရည်ရွယ်ကာ ပန်းကလေး တစ်ပွင့် ကိုင်ထားမိလျှင်တော့ လာဆွဲခံရမည်မှာ ရာခိုင် နှုံန်း၉၀လောက်ရှိလေသည်။ နိုင်ငံခြားတွင် ကိုယ့်အမျိုးသားဝတ်စုံကို ၀တ်ဆင်လို့ဘာမှမဖြစ်၊ ရိုးရာ ယဉ် ကျေးမှုကို နိုင်ငံခြားတွင်ပင် ထိန်း သိမ်းသောသူမှာ သူ့နိုင်ငံ တွင်စံပြလူ ဖြစ်သောကြောင့်သာဟု အထင်ခံရပြီး ပိုမိုနေရာ ပေးမှု၊ လေးစားမှု များကိုပင်ရတတ် သေးသည်။ နိုင်ငံခြားရှိ၏ဓလေ့ထုံးစံများကို မသိသောကြောင့် မတော်တဆချိုးဖောက်မိ လျှင် ပင် နိုင်ငံခြားသားမှန်း ၀တ်ပုံ စားပုံကြောင့် သိနိုင်သောကြောင့် ခွင့်လွှတ်ခံရနိုင်သော်လည်း မတူသည်ကိုတုပြီး ၀တ်ထားမိပါက ဓလေ့ ထုံးစံ များကိုသိလျက် ချိုးဖောက်သည်ဟု အထင်ခံရပြီး ပိုမိုဒုက္မ္ခရောက်တတ်လေသည်။ မသိသည်ကိုမသိကြောင်း ရိုးရိုးသားသား ပြောပါက နိုင်ငံခြားသားမျှသာမက မည်သူမဆိုခွင့်လွှတ်ကာ ကူညီဖေးမတတ်သော်လည်း သိဟန်ဆောင်ကာ ညာဝါးပါက မည်သည့်လူမျိုးကမှ လက်မခံသလို ခွင့်လွှတ်မှုလည်း မရှိကြပါချေ။ နိုင်ငံခြား တွင် နိုင်ငံခြား သားလိုမှဝတ်ဆင်လိုလျှင်ကား တိုင်းတပါးတွင် မည်သည့်အဆင့်အတန်းမှ လူများက မည်သို့ဝတ်စား ဆင်ယင်သည်၊ ထိုဝတ်စားဆင်ယင်မှု နှင့်အညီ မည်သို့ နေထိုင်သင့်သည်ဆိုသည်ကို သေသေချာချာ စုံစမ်းစစ်ဆေး ပြီးမှဝတ်ကြ ပါရန် မြန်မာလူငယ် မောင်မယ်များကို ပန်ကြားတောင်းပန်ပါသည်ခင်ဗျား။ မြန်မာ့ရိုးရာ ၀တ်စုံသည် ယနေ့ခေတ်ယခုနှစ်ထိ နိုင်ငံရပ်ခြားတက္ကသိုလ်များရှိ နိုင်ငံတကာကျောင်းသား ပွဲတော်များတွင် မိမိနိုင်ငံအလိုက် ၀တ်စားဆင်ယင်မှုတွင် တကမ္ဘာလုံးရှိလူမျိုးများဧ။် ရိုးရာဝတ်စုံများစွာကို ကျော်ဖြတ်ကာ အလှဆုံးဝတ်စားဆင်ယင်မှုအ၀တ်အစားဆုကို အစဉ် အမြဲ ဆွတ်ခူးဆဲဖြစ်ပါသည်။ သည်မျှ လှပခေတ်မီပြီး ကြက်သရေရှိလှသော မြန်မာ့ရိုးရာ ၀တ်စုံကို မြတ်နိုးစွာစောင့်ရှောက် ၀တ်စား ဆင်ယင်ရမည့် အစား သူတပါးတိုင်းပြည်တွင် မိန်းမပေါ့ မိန်းမရွှင်များ၊ ယောက်ျားပေါ့ ယောက်ျားရွှင်များ ၀တ်စားလေ့ရှိသော အ၀တ်အစားပုံစံများကို အတုခိုးဝတ်ဆင်နေသည်ကို ယနေ့ခေတ်မြန်မာလူငယ်များ ကြားတွင် တနေ့ထက် တနေ့ ပိုမိုတွေ့ရှိလာရလေရာ ၀တ်သူရှိလို့ရောင်းသူရှိသည်ဖြစ်စေ၊ ရောင်းသူရှိ လို့ ၀တ်သူရှိသည်ဖြစ်စေ၊ ၂ဖက်လုံးတွင်တာဝန်ရှိသည်ဟုသာပြောချင်ပါသည်။ တကမ္ဘာလုံး တွင် လိင်ပိုင်းဆိုင်ရာဈေးကွက်ကြောင့် နာမည် ဆိုးဖြင့်ထင်ရှားကျော်ကြားသော အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ပင် သာမန်မိန်းမကောင်း ကျောင်းသူများ၊ ရုံးဝန်ထမ်းများနှင့် ဇာတ်လမ်းကောင်း ရုပ်ရှင်များ ထဲတွင်သရုပ်ဆောင်သောရုပ်ရှင်မင်းသမီးများပင် ၀တ်စား ဆင်ယင်မှုတွင် သရုပ် မပျက်လှ။ မိန်းမရွှင် မိန်းမပေါ့များပင်လျှင် လုပ်ငန်းခွင်တွင်သာ သရုပ်ပျက်ဝတ်စား ဆင် ယင်ကြပြီး အလုပ်ခွင်ပြင်ပဖြစ်သော မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ သရုပ်ပျက် ၀တ်စားသည်ကို ထိုင်းတွင်နေထိုင်သည့်ကာလ ၆နှစ်အတွင်းတစ်ခါမှ မမြင်ခဲ့ဖူးပါ။ သို့သော် သမိုင်းကြောင်းကောင်းခဲ့သော နာမည်ဆိုးမရှိခဲ့ဖူးသော အမိမြန်မာနိုင်ငံတွင်မူ.... သင်္ကြန် သီချင်းခွေများကိုကြည့်မိလျှင် အမြင်မတော် သရုပ်ပျက်အကကိုတက်က နေသော ဇာတ် မင်းသားကို အဘိုးစင်ပေါ်တက်ရိုက်သလိုသာ လိုက်ရိုက်ချင်လှ သည်။ မြန်မာ့ရိုးရာ သင်္ကြန်ကို ရက်ရက်စက်စက် အရှက်ခွဲနေကြသလိုခံစားရသည်။ ထိုင်းနိုင်ငံရှိ သင်္ကြန်ပင်လျှင်သည်လောက် ရိုင်းစိုင်းစွာ သရုပ်မပျက်ပါချေ။ ထို့အပြင် ကံမကောင်း အကြောင်းမလှ သောကြောင့် ထိုင်းနိုင်ငံတွင်းလိင် လုပ်သားအဖြစ် ရောင်းစားခံကြရရှာသော မြန်မာမိန်းမငယ်များသည် ဇိမ် အိမ်များတွင် ပိတ်မိနေကြရှာ သော်လည်း မြန်မာမတွေ အမျိုးသားရေးသိက္မ္ခာကျဆင်း မည်ကို စိုးရိမ်ကြရှာသောကြောင့် ယင်းတို့ကိုယ်ကို ထိုင်းမဟုလိမ်ညာခဲ့ကြရှာသည်ကို မြန်မာသင်္ဘော သားတစ်ဦးက မတော်တဆမြန်မာ လိုယောင်မိ သောအခါမှ သူမနှင့်တကွ မြန်မာမများကို ကယ်တင်ပါရန်တောင်းပန်ပါမှ မြန်မာမများဖြစ်မှန်း သိရတော့သည်။ ထိုမိန်းကလေးများ အမျိုးသားရေးတာဝန်ကျေပွန်ကြရှာပါသည်။ လေးစားစွာ ဂါရ၀ပြုမိပါသည်။ သို့သော် မြန်မာ နိုင်ငံတွင်းမှ ရွှေဇွန်းကိုက်မိန်းမငယ်များ မိမိတို့ဧ။်ဆင်ခြင်မှုမဲ့ဝတ်စား ဆင်ယင်မှုကြောင့် တိုင်းပြည်ဂုဏ်မပျက်စေချင်ပါ။ မြန်မာလူငယ်အမျိုးသမီးငယ်များ မိမိဧ။် ဆင်ခြင်မှု မရှိဝတ်စား ဆင်ယင်မှုကြောင့် တိုင်းပြည်နာမည်ပျက်သထက် မပျက်ရအောင် သတိ အသိထား စေချင်လှ ပါသည်။
POSTED BY Creator Myanmar @ 3:53 PM   1 comments
Burmese Font Converter
Thursday, December 13, 2007
မြန်မာ Font များ ပြောင်းလဲ ချင်ရင်တော့

Burmese Font Converter


ဆိုတဲ့ Online Font Converter ရှိပါတယ်
ဒီမှာပြောင်းရန်
POSTED BY Creator Myanmar @ 2:24 PM   0 comments
ကဗျာတစ်ပုဒ်
Thursday, December 6, 2007
ကဗျာတစ်ပုဒ်

မင်းရဲ့နှလုံးသား
ချစ် virus များသွင်းချင်ပေမယ့်
ကိုယ်ဟာ အချစ်Language မှာ
မကျွမ်းကျင်ဘူး

မင်းနဲ့ကိုယ်ကြား
ခင်မင်မှုတွေလည်း
Dail-up ချိတ်သလို
နှေးကွေးပြုတ်ကျ တတ်မြဲပဲလေ

အမေမကြိုက်ဘူး
အိမ်ကဆူလိမ့်မယ်ဆိုတဲ့
Fire wall တွေလည်း
လျော့သင့်ပြီ။

ယုံကြည်စေချင်တယ်
မင်းအတွက် ….
ကိုယ်ဆိုးခဲ့တာတွေကို Uninstall လုပ်ပြီးပြီ
မင်းမကြိုက်တာတွေကို Delete လုပ်ခဲ့ပြီ
Bad Sector ရှိတဲ့ ကိုယ့်ဘ၀ကို
Format ကျွေးလိုက်ပြီ…

ကိုယ်မင်းအတွက် ပြောင်းလဲခဲ့ပါတယ်
မင်းအတွက်ရေးသားတဲ့
ကိုယ်နှလုံးသား Program လေးကို
လျစ်လျူ မရှုစေချင်ဘူး
အစမ်းသုံးဖို့ ထုတ်ထားတဲ့
Demo Version လည်း မဟုတ်ဘူးဆိုတာ
သိစေချင်တယ်….

ဘယ်လိုလဲကွယ်
ကိုယ်နှလုံးသားကို မင်းထံမှာ
Register လုပ်ခွင့်ပြုပါတော့
မင်းရဲ့နှလုံးသားစာမျက်နှာကို
ကိုယ်ကို ကြည့်ခွင့်ပေးပါတော့
ချစ်တယ်ဆိုတဲ့ စကားလုံးတွေ
မင်းနှလုံးသား Website မှာ
တင်ပါတော့ ….သူလေးရယ်…..( နေလတ်ခိုင်- Civil)
POSTED BY Creator Myanmar @ 4:12 PM   0 comments
About Me
Name: Creator Myanmar
Home: Yangon, Myanmar, Myanmar (Burma)
About Me: ကွန်ပျူတာအား ၂၀၀၀ ခုနှစ်မှစတင် လေ့လာခဲ့သည်။ ယခုထိ လေ့လာနေ ဆဲဖြစ်ပါသည်။ E-mail:admin@myanmarcollection.co.cc

See my complete profile

မြန်မာစံတော်ချိန်

Previous Post
Archives
Popular Links
Powered by

BLOGGER

 

 

KOHTUN DREAM .co.cc©2007
၂၀၀၅မှ စ၍လာရောက်လည်ပတ်သူများ counter