Never can I forget the time spent together with you
The more educated people there are in the country, the more quickly it will develop
 
YTU Student Life Poem
  1. YTU Student Life
  2. လရိပ်
  3. နောက်နေတာပါ
  4. ချစ်သူရဲ့အနား
  5. တိတ်တခိုးချစ်သူ
  6. ငြိတွယ်မိုး
  7. ကဗျာတစ်ပုဒ်
  8. ကဗျာဆရာ၏ သီအိုရီ အပိုင်းအစများ


အမှတ်ရရင်ကျေနပ်တယ်

ဘယ်ကမ္ဘာ
ဘယ်လောက်ပင်ခြားပါစေ ...
မင်းရင်ထဲမှာလေ ....
ငါ့ကို
တစ်စက္ကန့်ရဲ့

ဆယ်ပုံတစ်ပုံသာရှိနေမယ်ဆိုရင်
ငါကျေနပ်တယ် ....သူငယ်ချင်း...........။

Download

Download Keyboard Installer

Download AlphaZawgyi Unicode

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

Technology

GTalks Password Chang

Type to Gtalk Myanmar

Google Talk Multiple & GTalks Myanmar Type

Technology Part-I

Technology Part-II

Tutorials

HTML

PHP

နေပြည်တော်မှာပြုလုပ်နေတဲ့ ၀န်ကြီးဌာနပေါင်းစုံ ဘော်လုံးပြိုင်ပွဲ
Sunday, July 27, 2008
နေပြည်တော်မှာပြုလုပ်နေတဲ့ ၀န်ကြီးဌာနပေါင်းစုံ ဘော်လုံးပြိုင်ပွဲ





နေပြည်တော်မှာ ယှဉ်ပြိုင်ကစားနေသော ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ မကစားမှီ အသင်းလိုက်ဓါတ်ပုံရိုက်နေစဉ်
POSTED BY Creator Myanmar @ 3:01 PM   0 comments
မြန်မာဘလောက်ဂါများ ၀မ်းမြောက်ဖွယ်၊ စာလုံးပြောင်းပရိုဂရမ်ထွက်ပေါ်လာပြီ ၀က်မာစတာ သာဂိ
Saturday, July 26, 2008
*မြန်မာဘလောက်ဂါများ ၀မ်းမြောက်ဖွယ်၊ စာလုံးပြောင်းပရိုဂရမ်ထွက်ပေါ်လာပြီ ၀က်မာစတာ သာဂိ*
ဇူလိုင် ၂၅၊ ၂၀၀၈

အခုက ဘလောက်ခေတ် ဖြစ်တော့သကိုးလို့ ကြွေးကြော်ရမလို ဖြစ်နေတဲ့အချိန်မှာ သူသူငှာငှာ ကိုကို မမ မြန်မာတို့ ဟိုမှာလည်း ဘလောက်၊ ဒီမှာလည်း ဘလောက်ဖြစ်နေကြချိန်၊ ယခင်က ၀င်းအင်းဝတို့၊ ၀င်းဘားမိစ်တို့နဲ့ ရိုက်ခဲ့တဲ့ စာတွေကို ယခုအင်တာနက်ပေါ်မှာ ခေတ်စားတဲ့ ဘီအိုင်တီ၊ ပုရပိုက်၊ အမ်မြန်မာ နဲ့ ဇော်ဂျီ (ခေတ်အစားဆုံး ဖောင့်) အဖြစ် လောကဓာတ်နည်းသုံးပြီး ပြောင်းနိုင်ဖို့ ပရိဂရမ်တခု ထွက်လာပါပြီ။ မြန်မာအိုင်အက်စ်ပီက ဝေမျှထားတာကို တွေ့ရပါတယ်။

ကွန်ပျူတာခေတ်ဦးက ရွှေနဲ့မြ၊ ၀င်းအင်းဝ၊ စီအီး ပြီးတော့ အင်တာနက်ခေတ်ဦးမှာ ၀င်းဘားမိစ် စသည်တို့နဲ့ မြန်မာစာကို ရိုက်နှိပ် ဖြန့်ဝေခဲ့ရာမှာ ယခု အင်တာနက်ခေတ်သစ်မှာ ကွန်ပျူတာနားလည်တဲ့ ယူနီကုတ်နဲ့ မြန်မာဖောင့်တွေ ပေါ်လာပါတယ်။ မြန်မာလူငယ် အများအပြားဟာ ယူနီကုတ်ဖောင့်နဲ့ ဘလောက်တွေကို
တင်ဆက်လာကြလို့ အင်တာနက်ပေါ်မှာ မြန်မာစာခေတ်ကြီးအဖြစ် ခေတ်စားလာတယ်လို့ ပြောနိုင်ပါတယ်။ မဟုတ်လို့ရှိရင် အင်တာနက်ပေါ်က မြန်မာတွေက မြန်မာလိုလည်း ရိုက်မရ၊ အင်္ဂလိပ်လိုလည်း အထာမကျသမို့ ချက်တွေ၊ အီးမေးတွေနဲ့ စီဘောက်စ်တွေမှာ "Mingalar Bar" တို့၊ " Nay kaung Tha Lar" တို့နဲ့ နေ၀င် မိုးချုပ် တကုတ်ကုတ် ဖြစ်ရတော့မယ့် ဘေးက ကင်းဝေးလို့ သွားပါပြီ။

အခုလည်း ဘလောက်ဂါများ၊ အင်တာနက် တခေတ်ဆန်းချိန် မြန်မာစာရိုက်သူများ ၀မ်းမြောက်ဖွယ် မြန်မာဖောင့်အဟောင်းများကို မြန်မာဖောင့်အသစ်သို့ ပြန်ရိုက်စရာ မလိုဘဲ စက်က ပြောင်းပေးမယ့် လောကဓာတ်ပညာ ပေါ်ထွက်လာပါပြီ။ ကူးယူ ဖြန့်ဝေကြပါကုန်။

ကျေးဇူးစကားကိုတော့ အဲဒီလောကဓာတ်ပညာကို ဖြန့်ချီသူ ပရိုဂရမ်မာများကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါရစေ။ ငွေကြေးရမှ ပေးမယ်၊ ဖြန့်မယ်လို့ မပြောဘဲ နည်းပညာကို လှူဒါန်းတာကို ၀မ်းမြောက် ၀မ်းသာ သာဓုခေါ်ပါတယ်။ မြန်မာစာ ယူနီကုတ်ဖောင့်တွေကို ထုတ်လုပ်မျှဝေသူများကိုလည်း အလေးပြု လိုက်ပါတယ်။

သူတို့အားလုံးက ပရိသတ်ကြီးကို ကွန်ပျူတာစက်နားလည်တဲ့ မြန်မာစာစနစ် အလကားအလှူ ပေးလိုက်တဲ့ အချိန်က စပြီး အင်တာနက်ပေါ်မှာ မြန်မာစာ၊ မြန်မာစာပေ တဟုန်ထိုး စည်ကား ထွန်းလင်းသွားတော့တာကို ၀န်ခံရမှာ ဖြစ်ပါတယ်။ ယခင်ကလို နည်းပညာ အတားအဆီးတွေ၊ ငွေကြေး အတားအဆီးတွေကို ဖြတ်ကျော်ပြီးမှ - တို့အရေး တို့အရေး အော်နေရသူတွေကော၊ ချစ်လိုက်ရတာ မသည်းအူရယ်လို့ အီစီကလီ လုပ်ကြသူတွေကော၊ အခြား လောကီ၊ လောကုတ္တရာကိစ္စတွေ ပြောဆိုနေရသူတွေ အားလုံး ယူနီကုတ် မြန်မာစာ ဖောင့်ကြီးတွေ သုံးပြီး စည်ပင်ဝပြောလာတာကို ကြည်နူးစရာ တွေ့လိုက်ရပါတယ် ခင်ဗျား။

ငွေကြေး ဓနတော့ လိုကြတာပေါ့ခင်ဗျာ။ သူတို့တွေ ဒါတွေ ဖြစ်လာဖို့ ဘယ်လောက်တောင် အိတ်စိုက်ပြီး ထုတ်လုပ်ခဲ့ရသလဲ၊ ရင်းနှီးခဲ့ကြရသလဲဆိုတာ သူတို့မှပဲ သိမှာပါ။ ငွေကြေးတွေ ပြန်မပေးနိုင်ချင်နေပါ၊ အင်တာနက်ပေါ်မှာ မြန်မာစာလုံးစနစ် ခေတ်ဆန်းအောင် လုပ်ပေးသူ မြန်မာလူငယ်တွေအားလုံးကို ကျေးဇူးတင်လိုက်တာလို့သာ အသိအမှတ်ပြုပေးလိုက်ကြပါနော်။

မိုးမခ မီဒီယာကတော့ သူတို့အားလုံးကို လေးစားပါကြောင်း၊ ကျေးဇူး အထူးတင်ပါကြောင်း မှတ်တမ်းပြု လိုက်ပါတယ်။

*(ဖောင့် ပြောင်းစက်ကို ဒီမှာ သွားယူပါ။ မိုးမခက စာရိုက်ရတဲ့ လူတွေကတော့ ထကနေမှာ မြင်ယောင် သေးတော့)<http://myanmarisp.com/Services/sw/KaNaung_converter/view>
*

*ဒီနေရာတွေကို မှတ်ထားပါဦး။ ကျေးဇူးတင်ကြောင်း ပြောရအောင် -
http://myanmarisp.com/Font , http://www.zawgyi.net *
POSTED BY Creator Myanmar @ 5:50 AM   0 comments
Photo
Friday, July 25, 2008




POSTED BY Creator Myanmar @ 10:36 AM   0 comments
News
Sunday, July 13, 2008
Java စာမေးပွဲ Promotion တစ်လထပ်မံတိုးမြှင့်

Sun Microsystems မှစစ်ဆေးသော နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်များ စာမေးပွဲဖြစ်သည့် Sun Java နှင့် solaris operation system စာမေးပွဲများအား အခမဲ့ပြန်လည် ဖြေဆိုခွင့်ကို ဇွန်လ၃၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ပြီဖြစ်ကြောင်းသိရှိရသည်။

“Sun Retake စာမေးပွဲဖြေဆိုလိုသူတွေ အဖို့ မိမိတို့ ဖြေဆိုမဲ့ Test Center တွေမှာ Promotion အမှတ် WW48CX1 နဲ့စာရင်းသွင်း ဖြေဆိုရမှာဖြစ်ပြီး အခမဲ့ပြန်လည် ဖြေဆိုခွင့်တွေကို ၁၄ ရက်ခြားပြီးအသုံးပြုနိုင်ပါတယ်။ လူပြောအများဆုံး SCJP စာမေးပွဲကြေးကတော့ အမေရိကန် ဒေါ်လာ ၂၀၀ ဖြစ်ပါတယ်” ဟု Myanmar Inspiration မှ တာဝန်ရှိသူ ကိုလှမျိုးထွန်းမှပြောသည်။

Source: Internet Journal

.IBM စာမေးပွဲများလည်း အခမဲ့ Retake ဖြေဆိုနိုင်ပြီ

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် IBM မှ Microsoft နည်းတူ ၎င်း၏ IBM professional Certification စာမေးပွဲ ကို အခမဲ့ ပြန်လည်ဖြေဆိုနိုင်မည့် အစီအစဉ်ကို စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

အခမဲ့ Retake အစီအစဉ်ကို ဇူလိုင်လဆန်းမှ စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာ လကုန်အထိအကျုံးဝင်မည်ဟုသိရပါသည်။ “စာမေးပွဲဖြေဆိုဖို့အတွက် စက်တင်ပါ ၃၀ ရက်နေ့မတိုင်မီ ကြိုတင်ငွေ ပေးသွင်းထားရမှဖြစ်ပြီး ပထမစာမေးပွဲရော ဒုတိယအကြိမ် ဖြေဆိုမည့် စာမေးပွဲပါ နှစ်မကုန်မီအတွင်း မိမိတို့ကြိုက်နှစ်သက်ရာ အချိန်မှာဖြေဆိုနိုင်မှဖြစ်ပါတယ်။ IBM မှ Free Retake မှာပါဝင်မဲ့ စာမေးပွဲ ၈မျိုးရှိပြီး Lotus စာမေးပွဲ ၆မျိုးနဲ့ Power Systems စာမေးပွဲ ၂မျိုးကို အင်္ဂလိပ်ဘာသာ ဖြင့် ဖြေဆိုခွင့် မရှိသေးပေမဲ့ Lotus စာမေးပွဲတွေဖြစ်တဲ့ 834, 835, 836, 847, 848, 849 IBM Lotus Notes Domino 8 တွေကို ဖြေဆိုနိုင်နေပြီ ဖြစ်ပါတယ်” ဟု အွန်လိုင်းစာဖြေဌာနတစ်ခုဖြစ်သော Myanmar Inspiration မှတာဝန်ရှိက အင်တာနက် ဂျာနယ် သို့ပြောသည်။IBM Lotus Domino 8 ၏ စာမေးပွဲကြေးများမှာ အမေရိကန်ဒေါ်လာ ၁၈၀ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

Source: Internet Journal

.GMAT စာမေးပွဲများအား မြန်မာနိုင်ငံတွင် စတင်ဖြေဆိုနိုင်တော့မည်

The Graduate Management Admission Test (သို့) GMAT ဟုလူသိများသော နိုင်ငံတကာ တက္ကသိုလ်များ ၊ Business School များဝင်ရောက်လျှောက်ထားရာတွင် အသုံးပြုနိုင်သည့် (ဂျီမက်) စာမေးပွဲများကို မြန်မာနိုင်ငံတွင် စတင်ဖြေဆိုနိုင် တော့မည်ဖြစ်ကြောင်း သိရှိရသည်။

GMAT စာမေးပွဲအား ယခင်က တစ်နှစ်လျှင်တစ်ကြိမ် နှစ်ကြိမ်သာ Paper Based အနေဖြင့် အချို့သော အာရှနိုင်ငံများတွင် ဖြေဆိုခဲ့ရပြီး Computer Based ပြောင်းလဲသတ်မှတ်သော အခါတွင်လည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများတွင်သာ ဖြေဆိုခွင့်ရခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအဖြစ် GMAT စာမေးပွဲကို ဖြေဆိုနိုင်ရန် စီစဉ်လျက်ရှိရာတွင် သြဂုတ်လ အတွင်းစတင်ဖြေဆိုနိုင်တော့မည်ဟု သိရှိရသည်။ စာမေးပွဲကို ဖြေဆိုတဲ့အခါ အပိုင်း၃ပိုင်းခွဲပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုချိန်အတွင်း ကြားမှာ (၁၀) မိနစ်၊ (၂)ကြိမ်ရပ်နား ခွင့်ရရှိမှာ ဖြစ်ပါတယ်။ Verbal section, Quantitative section နဲ့ Analytical Writing Assessment သုံးမျိုးလုံးဖြေဆိုရာမှာ ဖြစ်ပြီးအမှတ်စာရင်း အနေနဲ့ မိမိတို့လျှောက်ထားတဲ့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်(သို့) Business School တွေကို တိုက်ရိုက်ပေးပို့နိုင်ပါတယ်။ GMAT စာမေးပွဲတွေကို နိုင်ငံတကာနှင့် တန်တူပြည်တွင်းမှာ ဖြေဆိုပြီး ကမ္ဘာအဆင့် တက္ကသိုလ်များမှာ MBA ဆက်လက်တက်ရောက် နိုင်ရန် အခွင့်အလမ်းသစ်များ ဆက်လက်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်ဟု Myanmar Inspiration မှအင်တာနက်ဂျာနယ်သို့ ထပ်မံပြောကြားခဲ့သည်။

သင်တန်းများအားတက်ရောက်ရန် အတွက် Computer Foundation Courses, ICT Foundation, Microsoft Office-XP /2003/2007 Course, Junior Management and Office Staff Training Course, Internet and e-mail Course ဆိုပြီး သင်တန်း ၅မျိုးသတ်မှတ်ပေးထားကြောင်း သိရှိရသည်။ သင်တန်းများကို July မှ စတင်၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိ ကြောင်းသိရှိရသည်။

Source: Internet Journal


ဂျာမနီပညာသင်ဆုအတွက် ဇူလိုင်လကုန်နောက်ဆုံးဖြစ်

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက မြန်မာနိုင်ငံသားများကို ဘာသာရပ်မျိုးစုံ ပညာသင်ဆုများ ပေးလျက်ရှိရာ ၂၀၀၉ ခုနှစ် အတွက် ပညာသင်ဆုလျှောက်လွှာများကို ဇူလိုင် ၃၁ရက်နေ့ နောက်ဆုံးထား၍ လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ လျှောက်ထားသူသည် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရပြီးသူများ ဖြစ်ပါက မည့်သည့်ဘာသာရပ်ကို မဆိုလျှောက်ထားနိုင်သည်။

ပညာသင်ဆုလျှောက်တဲ့သူတွေက အဓိကကတော့ အင်္ဂလိပ် ပဲဖြစ်ဖြစ် ၊ ဂျာမန်ပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စံလောက်တော့ ရှိရမယ်။ အရည်အချင်း ပြည့်မီရင် ဘယ်နှဦးဖြစ်ဖြစ် ရွေးပါတယ်ဟု ပညာသင်ဆုဆိုင်ရာ သံရုံးတာဝန်ရှိသူကပြောသည်။ ၂၀၀၈ ခုနှစ် အတွက် သစ်တော၊ စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များအတွက် ပညာသင်ဆု ၂၀ ကျော်ရရှိ ခဲ့သည်။

Source: Myanmar Times Journal

.ကွန်ပျူတာနည်းပညာဆိုင်ရာ ကွန်ဖရင့်ပြုလုပ်မည်

ပထမအကြိမ်မြောက် ကွန်ပျူတာအသုံးချပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲ ကွန်ဖရင့်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အောက်ရှိ မန္တလေးကွန်ပျူတာ တက္ကသိုလ်က ဦးစီး၍ ယခုနှစ် စက်တင်ဘာ ၁၈ နှင့် ၁၉ ရက်တို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုကွန်ဖရင့်တွင် သီအိုရီနှင့် နည်းပညာပိုင်းဆိုင်ရာ ကွန်ပျူတာ အသုံးချပညာဆိုင်ရာ စာတမ်းများ တင်သွင်း နိုင်ကြောင်း ကြေညာထားပြီး ပါဝင်ဆင်နွဲလိုသူ ပညာရှင်များ အနေဖြင့် AICR08.conf@gmil.com သို့ဆက်သွယ်နိုင်ကြောင်း ကြေညာထားခဲ့ကာ အဆိုပါ ကွန်ဖရင့်သို့ ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက်မည်ဖြစ်သည်။ ၎င်း၏ရည်ရွယ်ချက်သည် တက္ကသိုလ်များ အတွက် သုတေသနပညာကို တိုးတက်စေရန် ရည်မှန်းပြီး အသုံးချကွန်ပျူတာ နည်းပညာဘာသာရပ် ၃၀ကျော်ဖြင့် ကွန်ဖရင့်ပြုလုပ်မည် ဖြစ်သည်။

Source: Myanmar Times Journal

.မုန်တိုင်းဒဏ်ခံဒေသများမှ ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားသူများအား အခမဲ့သင်ကြားပေးမည်

မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းမှ ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားသူများ အတွက် ကွန်ပျူတာနှင့် ပတ်သက်သော သင်တန်းများ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်းက ကွန်ပျူတာပညာရပ်ကို စိတ်ဝင်စားတဲ့သူတွေ အတွက် အဓိကထားပြီး လုပ်တာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ချင်တဲ့သူတွေ အနေနဲ့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသားဆိုရင် ပို အဆင်ပြေ ပါတယ်။ ဒါမှသင်တန်းတက်ပြီးသွားရင် အလုပ်အတွက် အထောက်အကူပြု ပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက် ချင်တဲ့သူတွေကို အခုချိန်ကနေ စတင်ပြီး လက်ခံပေးနေပါပြီ။ သင်တန်းတက်ရောက်ဖို့ အတွက်အထောက်အထားကတော့ မုန်တိုင်းဒဏ်ခံရတဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းမှာ နေတယ်ဆိုတဲ့အကြောင်းကို ပြနိုင်ရင်ရပါပြီဟု MCC မှတာဝန်ရှိသူ ဆရာငြိမ်းဦးမှ အင်တာနက်ဂျာနယ်သို့ ပြောသည်။

သင်တန်းများအားတက်ရောက်ရန် အတွက် Computer Foundation Courses, ICT Foundation, Microsoft Office-XP /2003/2007 Course, Junior Management and Office Staff Training Course, Internet and e-mail Course ဆိုပြီး သင်တန်း ၅မျိုးသတ်မှတ်ပေးထားကြောင်း သိရှိရသည်။ သင်တန်းများကို July မှ စတင်၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိ ကြောင်းသိရှိရသည်။

POSTED BY Creator Myanmar @ 3:05 AM   0 comments
Kaspersky black list မဖြစ်အောင်
Wednesday, July 9, 2008
Kaspersky black list မဖြစ်အောင်

kaspersky update လုပ်လိုက်ရင် black list ဖြစ်ဖြစ်သွားတယ်လို့ ကြားရတယ်။ kaspersky update ကို downloads လုပ်ပြီး zip ဖြည့်ပေးပါ ပြီးရင် ဖြည့်ထားတဲ့ အတွင်းမှာ blacl list file ကို ရှာပြီး delete လုပ်ပါ။ဒါဆို ရင်အဆင်ပြေပြီပေါ့နော်။ လုပ်ပုံလုပ်နည်း တစ်ခုကတော့ ဒီမှာ ebook download ချပြီး ဖတ်ကြည့်လိုက်ပါဗျာ။
POSTED BY Creator Myanmar @ 3:01 PM   0 comments
အလုပ်မှာ အဆင့်သင့်ဖြစ်စေချင်သူများ
Tuesday, July 1, 2008
အလုပ်မှာ အဆင့်သင့်ဖြစ်စေချင်သူများ
ကျွန်တော်က CHRD ကဖွင့်တဲ့ ကျောင်းသားတစ်ဦးပါ။ ၂၀၀၀ နှစ်ကတည်းက ရန်ကုန်တက္ကသိုယ်မှာ ဖွင့်လှစ်ခဲ့ တဲ့ Physics ဌာနက ဖွင့်လှစ်ခဲ့သော ICT Dip ကို ရန်ကုန်တက္ကသိုယ်မှာ ၂၀၀၃ ခုနှစ် အစမှာ အောင်မြင်ခဲ့ ပါတယ်။ ကျွန်တော်တို့ တက်ရောက်ခဲ့တဲ့ Dipဟာ အချိန်အားဖြင့် အရမ်းကြာမြင့်ခဲ့ပါတယ်။ ထိုမှတဆင့် ရန်ကုန် တက္ကသိုလ်မှာ ဖွင့်လှစ်သော B.Sc (Engg:) IT ကို ဒုတိယနှစ်အထိတက်ရောက်ခဲ့ပါတယ်။ တတိယနှစ်အစမှ နိုင်ငံရေးခေါင်းဆောင်များအရွှေ့အပြောင်းကြောင့် ကျွန်တော်တို့ ကျောင်းသား/သူများကို ဒဂုံက္ကသိုယ်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျောင်းပြောင်းရွှေ့ချင်းမှာပဲ ကျွန်တော်တော့ တတိယနှစ်နှင့် တကွကျောင်းသား အများအပြား စားမေးပွဲမှာကျရှုံးခဲ့ပါတယ်(၂၀၀၅)။ ကျွန်တော်ဟာ အပတ်စဉ် (၃) က ကျောင်းသားတစ် ရောက် ဖြစ်ပါတယ်။ ယခုနောက်ဆုံးနှစ် ဒုတိနှစ်ဝက်သို့ရောက်ရှိနေပါပြီ။ နောက်ဆုံးနှစ်အတွက် ကျောင်း Project များ ပြုလုပ်နေ ရပါတယ်။ ကိုယ်တတ်ကျွမ်းတဲ့ နည်းပညာများနဲ့ ပြုလုပ်ပြီး တင်ပြရတာဖြစ်ပါတယ်။ ထိုကြောင့် ကွန်ပျူတာကျောင်းသားတစ်ယောက်ဖြစ်လာရင် ကျောင်းကြီးကို ပဲ အားကိုးလို့မရပါဘူး..အခြားသင်ဝါသနာ ပါရာနည်းပညာရပ်များကို အချိန်ရှိတုန်း သင်ယူနေရပါမယ်။ ကျောင်းဆင်းတာနဲ့ တခါတည်း အလုပ်ခွင်ကိုဝင် ရောက်တဲ့အခါ အဆင်သင့် ဖြစ်နေမှာပါ။ မိမိတိုင်းပြည်မှာပဲ အလုပ်ခွင်အတွေ့အကြုံများယူပြီးမှ သာတဆင့် ကူးတာ ဟာ သင့်အတွက်ရော် အနာဂတ်အတွက်ပါကောင်းပါတယ်။ တကယ်တော့ မိမိတိုင်းပြည်မှာပဲ အသက်မွေးဝမ်းကျောင်းဟာ သင်အတွက် ပိုကောင်းမယ်ထင်ပါတယ်။ ပိုက်ဆံ တစ်ခုထဲမကြည့်ပဲနဲ့။
POSTED BY Creator Myanmar @ 12:30 PM   0 comments
About Me
Name: Creator Myanmar
Home: Yangon, Myanmar, Myanmar (Burma)
About Me: ကွန်ပျူတာအား ၂၀၀၀ ခုနှစ်မှစတင် လေ့လာခဲ့သည်။ ယခုထိ လေ့လာနေ ဆဲဖြစ်ပါသည်။ E-mail:admin@myanmarcollection.co.cc

See my complete profile

မြန်မာစံတော်ချိန်

Previous Post
Archives
Popular Links
Powered by

BLOGGER

 

 

KOHTUN DREAM .co.cc©2007
၂၀၀၅မှ စ၍လာရောက်လည်ပတ်သူများ counter