Never can I forget the time spent together with you
The more educated people there are in the country, the more quickly it will develop
 
YTU Student Life Poem
  1. YTU Student Life
  2. လရိပ်
  3. နောက်နေတာပါ
  4. ချစ်သူရဲ့အနား
  5. တိတ်တခိုးချစ်သူ
  6. ငြိတွယ်မိုး
  7. ကဗျာတစ်ပုဒ်
  8. ကဗျာဆရာ၏ သီအိုရီ အပိုင်းအစများ


အမှတ်ရရင်ကျေနပ်တယ်

ဘယ်ကမ္ဘာ
ဘယ်လောက်ပင်ခြားပါစေ ...
မင်းရင်ထဲမှာလေ ....
ငါ့ကို
တစ်စက္ကန့်ရဲ့

ဆယ်ပုံတစ်ပုံသာရှိနေမယ်ဆိုရင်
ငါကျေနပ်တယ် ....သူငယ်ချင်း...........။

Download

Download Keyboard Installer

Download AlphaZawgyi Unicode

GTalk Myanmar Add-in Download

NOD32 AntiVirus 3.0.566

BitDefender 10 Aniti-Virus Download

Kaspersky Anti-Virus 7.0.1.321

GTalks Always Idle

iRepairMan

UltraSurf8.8

Revelation

MYSM

Technology

GTalks Password Chang

Type to Gtalk Myanmar

Google Talk Multiple & GTalks Myanmar Type

Technology Part-I

Technology Part-II

Tutorials

HTML

PHP

HIV ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မည့် ဂျယ်တစ်မျိုး သိပ္ပံပညာရှင်များတီထွင်
Monday, August 24, 2009
HIV ဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်မည့်ဂျယ်တစ်မျိုးကို အမေရိကန်နိုင်ငံ၊ အူတားတက္ကသိုလ်မှ သိပ္ပံပညာရှင်များက တီထွင်လိုက်ခဲ့သည်ဟု သိရသည်။ ၎င်းဂျယ်ကို အမျိုးသမီးကိုယ်အတွင်း သုတ်လိမ်းရပြီး ဗိုင်းရပ်စ်များ အတွင်းသို့ဝင်လာခြင်းမှ ပိတ်ဆို့ရန် မော်လီကျူးကွန်ဒုံးကဲ့သို့ လုပ်ဆောင်သည်ဟုဆိုသည်။ အူတားတက္ကသိုလ်မှ ဇီဝအင်ဂျင်နီယာလက်ထောက် ပါမောက္ခပက်ထရစ်ကိုင်ဇာနှင့် သိပ္ပံပညာရှင်တစ်စုက အဆိုပါဂျယ်ကို ဖန်တီးခဲ့ခြင်းဖြစ်ပြီး လေ့လာတွေ့ရှိချက်များကို (HAdvanced Functional Materials) ဂျာနယ်၏ ၀က်ဘ်ဆိုက်တွင် သြဂုတ်လ ၁၁ ရက်နေ့က ဖော်ပြခဲ့သည်။ ဂျယ်သည် ပီအိတ်ခ်ျအဆင့်တွင် အက်ဆစ်ဘက်သို့ အနည်းငယ်ကဲပြီး မိန်းမကိုယ်တွင်ရှိနေသည့် ပီအိတ်ခ်ျအဆင့်နှင့် တူညီသည်။ ၎င်းဂျယ်သည် သုက်ပိုးနှင့်ထိတွေ့သည့်အခါ ပီအိတ်ခ်ျအဆင့်မှာ ကြားအဆင့်အခြေအနေသို့ ရောက်ရှိ သွားပြီး တည်ဆောက်ပုံပြောင်းလဲသွားကာ ဗိုင်းရပ်စ်များ၏လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။ ထုတ်လုပ် ဖြန့်ချီ နိုင်ရေးအတွက် စမ်းသပ်မှုများ အပြီးသတ်နိုင်ရန် သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်မည်ဖြစ်သည်။
POSTED BY Creator Myanmar @ 4:50 PM   1 comments
စက်ရုပ်တပ်ဖွဲ့များဖြင့် ၂၁ ရာစုတိုက်ပွဲများကို ပုံဖော်ရန် အမေရိကန်စီစဉ်
လူမဲ့စစ်လေယာဉ်များနှင့် စစ်ဘက်သုံးစက်ရုပ်ငယ်များ သုံးစွဲမှုအကျိုးရှိလာသည်နှင့်အမျှ အမေရိကန်စစ် ဘက်သည် စက်ရုပ်တပ်ဖွဲ့များဖြင့် တိုက်ပွဲများကို ပုံဖော်ရန်ကြိုးပမ်းနေကြောင်း သိရသည်။
အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်ရှိ ရေတပ်သုံးလေယာဉ်ကွင်းတစ်ခုတွင် ပြုလုပ်ခဲ့သော စစ်ဘက်သုံး စက်ရုပ်ပြပွဲ၌ မောင်းသူမဲ့ရဟတ်ယာဉ်၊ ထောက်လှမ်းရေးစက်ရုပ်ငယ်စသည့် နောက်ဆုံးပေါ်စစ်ဘက်သုံး စက်ရုပ်များကို ပြသခဲ့သည်။ MQ-8B ထောက်လှမ်းရေးရဟတ်ယာဉ်ကို ယခုနှစ်နှောင်းပိုင်းတွင် ရေတပ်၌ စတင်သုံးစွဲမည် ဖြစ်သည်။ အမေရိကန်စစ်သင်္ဘော USS McI-nerney သည် အရှေ့ပစိဖိတ် သမုဒ္ဒရာ အတွင်း မူးယစ်မှောင်ခိုသမားများကို ရှာဖွေရာ၌ MQ-8B လူမဲ့ရဟတ်ယာဉ်ကို သုံးစွဲမည်ဖြစ်သည်။
Pakbot ဟု အမည်ပေးထားသော တင့်ကားဘီးတပ်ဆင်ထားသည့် စက်ရုပ်ငယ်သည် ရန်သူအဆောက် အအုံများကို ရှာဖွေရာ၌ အသုံးဝင်မည်ဖြစ်ပြီး ကျောက်ဆောင်များပေါ်တွင် သွားလာနိုင်သည်။ ဖောက်ခွဲရေး ပစ္စည်းများရှာဖွေရာတွင်လည်း အသုံးဝင်မည်ဖြစ်ပြီး တွေ့ရှိပါက မပေါက်ကွဲစေရန် ပြုပြင်ပစ်နိုင်စွမ်းရှိ ကြောင်း သိရသည်။ လက်ရှိအချိန်တွင် အီရတ်နှင့် အာဖဂန်၌ Pakbot စက်ရုပ်ငယ် ၂၅၀၀ မျှ သုံးစွဲလျက်ရှိသည်။
သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သောပြပွဲတွင် ကာကွယ်ရေးဆိုင်ရာစစ်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ နှင့် အမေရိကန်စစ်ဘက် တာဝန်ရှိသူများက အသက်အန္တရာယ်ကြီးသော စစ်ဘက်တာဝန်များကို လူသား စစ်သည်များအစား စက်ရုပ်များပြောင်းလဲသုံးစွဲသည့် အမေရိကန်စစ်ရေးခေတ်သစ်ကို ရောက်ရှိလာပြီဖြစ် ကြောင်း သုံးသပ်ခဲ့ကြသည်။
အမေရိကန်ရေတပ်နှင့် မရိန်းတပ်များဆိုင်ရာ လူမဲ့လေကြောင်းစီမံကိန်းများကို ဦးဆောင်ခဲ့သည့် ဂယ်ရီကက် စလာက ''လူမဲ့စစ်ရေးပြောင်းလဲမှုကာလရဲ့ အစကို ရောက်ရှိနေပြီလို့ ထင်မြင်မိပါတယ်။ လူမဲ့စနစ်တွေမှာ ငွေကြေးဘီလျံနဲ့ချီပြီး သုံးစွဲနေပါတယ်''ဟု ပြောကြားခဲ့သည်။
မောင်းသူမဲ့လေယာဉ်များနှင့် မြေပြင်သုံးယာဉ်များမှာ အဝေးထိန်းစက်ခလုတ်များဖြင့် ထိန်းချုပ်ရသော ကြောင့် ဗီဒီယိုဂိမ်းများဖြင့် ကြီးပြင်းလာသော မျိုးဆက်သစ်များနှင့် သင့်တော်သည်ဟု လေ့လာသူတို့က သုံးသပ်ကြသည်။
သည်းခံစောင့်ဆိုင်းပြီး ထောက်လှမ်းတိုက်ခိုက်ရမည့် ရန်သူသစ်များနှင့် ရင်ဆိုင်လာရချိန်၌ ပင်တဂွန်သည် စက်ရုပ်များကို စစ်ဘက်တွင် သုံးစွဲမှုတိုးမြှင့်လာခဲ့သည်။
၂၀၀၃ ခုနှစ်က အမေရိကန်စစ်ဘက်တွင် စက်ရုပ်သုံးစွဲမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် လူမဲ့တိုက် လေယာဉ် ၇၀၀၀ နှင့် မြေပြင်သုံးယာဉ် အနည်းဆုံး ၁၀၀၀၀ ခန့် ရှိလာပြီဖြစ်သည်။ အမေရိကန် လေတပ် သည် တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များအတွက် လေယာဉ်မှူးများ လေ့ကျင့်ပေးသည့် အရေအတွက်ထက် လူမဲ့လေယာဉ်ထိန်းချုပ်သူများကို လေ့ကျင့်ပေးမှု တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။
ပြပွဲတွင် အမေရိကန်သာမက ချီလီ၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျနှင့် အိန္ဒိယမှ စစ်ဘက်အရာရှိများပါ တက်ရောက်လေ့လာခဲ့ကြသည်။ စစ်အေးခေတ်ကာလကုန်ကျစရိတ်များသော လက်နက်ဆန်းများ နှင့်စာလျင် လူမဲ့စစ်ဘက်သုံးယာဉ်များမှာ ကုန်ကျစရိတ်သက်သာသောကြောင့် နိုင်ငံအများအပြားက စိတ်ဝင်စား လျက်ရှိပြီး ယင်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။
POSTED BY Creator Myanmar @ 4:41 PM   0 comments
ခွဲစိတ်ဆရာဝန် စက်ရုပ်

ကျန်ခဲ့တဲ့ဇွန်လက အလိုအလျှောက်စနစ်နဲ့ စက်ရုပ်ဟာ ကျောက်ကပ်အစားထိုး ခွဲစိတ်အောင်မြင်ခဲ့ပါပြီ။ အမှန် ကတော့ စစ်မြေပြင်တွေမှာ (ဆေးတပ်) သုံးဖို့ အတွက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခန္ဓာကိုယ်က ထွက်တဲ့အသံ၊ (ပါးစပ်ကအော်တဲ့အသံမဟုတ်ပါ) ဗီဒီယိုကင်မရာ တို့ကို အသုံးပြုပြီးခွဲစိတ်တာဖြစ်ပါတယ်။
POSTED BY Creator Myanmar @ 4:36 PM   0 comments
ရေသူမရောဂါ


အစ္စရေးနိုင်ငံက လူတစ်ရာနီးပါးလောက်ဟာ ညနေဘက်တွေမှာ ရေသူမ  ရှာပုံ တော်ထွက်ပြီး တွေ့လျှင် သက်သေ အထောက်အထားနဲ့ပြက ဆုကြေးငွေထုတ်ဖို့  အချိန်တွေအကုန်ခံ ရှာပုံတော် ထွက်နေကြ ပါတယ်။ လူဆယ်ယောက်ကျော် လောက်ဟာ  ရေသူမကို မြင်တွေ့ ရခဲ့ကြောင်းနဲ့ အဲ့ဒီအချိန်မှာ သူတို့လက်ထဲမှာ  ကင်မရာမရှိလို့ ဓါတ်ပုံ မရိုက်နိုင်ခဲ့ကြောင်းကို အတည်ပြုပြောခဲ့ပါတယ်။  တွေ့ခဲ့တဲ့ လူတွေ အားလုံးကလဲ ရေသူမဟာ နေဝင်ခါနီးအချိန်မျိုးမှာသာ  ပေါ်ထွက်လာ တတ်ကြောင်း ပြောပါတယ်။ Haifa နီးတဲ့ မြို့နယ်ကောင်စီ Kiryat Yam  မှနေပြီး ရေသူမှ ရေထဲမှ နေထွက်ပေါ်လာတာကို ခိုင်လုံတဲ့ သက်သေ  နဲ့ပြနိုင်တဲ့သူဆိုရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝဝ  (တစ်သန်း)ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံနည်းပညာလက်တွေ့သဘော အရ  ရိုးရိုးလေး နဲ့ သက်သေပြခိုင်း လိုက်တာ တစ်ကြောင်း ဒါမှမဟုတ် ဒီရေသူမ  သတင်းကြောင့် ကမ္ဘာလည့်ခရီးသည်တွေ ပိုပြီး လာရောက် လည်ပတ် အောင်  ဆွဲဆောင်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ မြင်တွေ့ခဲ့တဲ့သူတွေ ကတော့ ဒီရေသူမဟာ  လင်းပိုင် တစ်ကောင်ခုံပြီး ရေထဲဆင်းသလိုဘဲ ခုန်ပြီးရေထဲဆင်းသွားတာလို့  ပြောပါတယ်။ ဆုငွေ ထုတ်ပြန်တဲ့ ကောင်စီကတော့ ရေသူမကို ပိုက်နဲ့  ဖမ်းစရာမလို့ဘဲ ဓါတ်ပုံနဲ့  သက်သေပြနိုင်ရင် လုံလောက်ပြီး လို့သတ်မှတ်ထား ပါတယ်။
POSTED BY Creator Myanmar @ 4:27 PM   0 comments
Green Mandarin ငါး

Green Mandarin (မြန်မာလို မဘူးဗျ) လို့ခေါ်တဲ့ ငါဟာ အလွန်လှပတဲ့ ပင်လယ်ငါးတစ်မျိုးဖြစ်ပါတယ်။ ဒီငါးဟာ တမူထူးခြားတဲ့ ပုံ သဏ္ဍာန်ရှိပြီး ခန္ဓာကိုယ် ဟာလဲ တောက်ပတဲ့ အပြာ၊ အဝါ၊ လိမ္မော် နှင့် အစိမ်းရောင်တို့ပေါင်းစပ်ထားပါတယ်။အမျိုးအစားအနေဖြင့်နှစ်မျိုးရှိပြီး standard Mandarinfish နဲ့ Psychedelic Mandarin တို့ဘဲဖြစ်ကြပါတယ်။ Standard အမျိုးကတော့ ပိုပြီး ကြည့်လို့လှပါတယ်။ ဘာဘဲပြောပြော ကျွန်တော်အနေနဲ့တော့ နှစ်မျိုး လုံးကြည့် လို့လှပါတယ်။အရွယ်အစားအနေဖြင့် ၆ လက္မခန့် အထိ ကြီးထွားကြပါတယ်။ ပုစွန်ဆိတ်၊ တီကောင်နက် တို့ကိုစားသောက်ပါတယ်။ ဒီငါးများကို ပစီဖိတ် သမုဒ္ဒယာ အနောက်ဖက်ခြမ်း သန္တာကျောက်တန်းများမှာတွေ့ရပါတယ်။ သက်တမ်းအနေဖြင့်တော့ ၁၅ နှစ်ခန့်ရှည်ပါတယ်။ ဒီငါးဟာ လှပေမဲ့ အနံ့ဆိုး တမျိုး ထွက်ပြီး အသားဟာလဲ အလွန်ခါးလှပါတယ်။ ဝယ်ခြင်ရင်ဝယ်ယူလို့ရပြီး ဈေးနှုန်းအနေအားဖြင့်တော့ အမေရိကန်ဒေါ်လာ ၂ဝ မကျော်ဘူး လို့သိရ ပါတယ်။ ဒါပေမဲ့ ဒီငါးကို ထားဖို့အတွက်ကတော့ အနည်းဆုံး ရေဂါလံ ၄ဝ လောက်ဆန့်တဲ့ ရေကန်ထဲမှာ ထားမှရမယ်ဖြစ်ပါတယ်။
POSTED BY Creator Myanmar @ 2:32 PM   0 comments
ဖယောင်းတိုင် ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး
ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ် လို့သိရပါတယ်။ ၂၃၈ ကြီမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက် မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှု့နဲ့ လူကို ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။ (ဒို့များရဲ့ ရွာမှာတော့ လေတိုက်ရင် ဖယောင်းတိုင်ကုန်မှာစိုးလို့ တံခါးပိတ်လိုက်ရတာအမော) ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့ ပြသနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ ပြောကြားသွားပါတယ်။ လေ့လာ သိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့ ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အာရုံကြောများကို ထိခိုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မွေးဖွားလာတော့ ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ် နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။



ဒီပုံအတိုင်းဆို ညဖက် ဖယောင်တိုင်ထွန်းနေရတဲ့ သူတွေအတွက်တော့ ကုလအတွင်းရေးမှူးချူပ်ကြီး ဘက်ကီမွန် ရဲ့ လက်သုံးစကားလိုဘဲ ကျွန်တော် အနေနဲ့တော့ အထူးဘဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ မီးမမှန်တဲ့ ရွှေနိုင်ငံကြီးအတွက်တော့ ...
POSTED BY Creator Myanmar @ 1:26 PM   0 comments
Social Network(Ning)
Saturday, August 22, 2009
Social Network ဘက်လုပ်နေတာနဲ့ ကျွန်တော်ရဲ့ Dream Blog ဆိုဒ်ကို ပြန်မကြည့်ဖြစ်အားဘူးဗျာ
ကျွန်တော် Ning မှာ Social Network ဆိုဒ်တစ်ခုလုပ်ထားတယ်Myanmar Selection ဖြစ်ပါတယ်။ ၀င်ရောက်လေ့လာဖို့ ဖိတ်ခေါ်ပါတယ် သူငယ်ချင်းများ။

POSTED BY Creator Myanmar @ 2:09 PM   0 comments
About Me
Name: Creator Myanmar
Home: Yangon, Myanmar, Myanmar (Burma)
About Me: ကွန်ပျူတာအား ၂၀၀၀ ခုနှစ်မှစတင် လေ့လာခဲ့သည်။ ယခုထိ လေ့လာနေ ဆဲဖြစ်ပါသည်။ E-mail:admin@myanmarcollection.co.cc

See my complete profile

မြန်မာစံတော်ချိန်

Previous Post
Archives
Popular Links
Powered by

BLOGGER

 

 

KOHTUN DREAM .co.cc©2007
၂၀၀၅မှ စ၍လာရောက်လည်ပတ်သူများ counter